Saturday, May 28, 2016
Friday, May 27, 2016
Monday, May 23, 2016
Friday, May 20, 2016
မန္ ... သုိ႔လြမ္းေသာစာ (၅)
မန္ေရ ...
အေတြးေတြေနာက္လုိ႔
တစ္ခါတစ္ခါ ဂေယာင္ေခ်ာက္ျခားျဖစ္မိတယ္
ပုထုဇဥ္ဆိုေတာ့
ဂရုမစိုက္ႏုိင္ဘူး မန္ေရ။
မန္ေရ...
မိုးသည္းထဲမွာ လြမ္းလို႔ေကာင္းတုန္း
ပန္းခ်ီကားတစ္ခ်ပ္ ျခယ္မႈန္းထားသလို
ကိုယ္ကေတာ့ အလြမ္းမင္းသား
ၾကားရသမွ် အလြမ္းမိုးဂီတသံေတြ
ေလွာင္ေနၾကလည္း ကိုယ္ကလြမ္းေကာင္းေနတုန္းမို႔
လြမ္းပါရေစ။
မန္ေရ...
တစ္ရက္ၿပီးတစ္ရက္
အလြမ္းနဲ႔ဆက္ေနတယ္
အၾကမ္းမခံႏုိင္ပါဘူးမန္
အရမ္းႀကီးေတာ့ မႏွိပ္စက္နဲ႔ေပါ့
ႏွလံုးသားစစ္ပြဲ ကိုယ့္ဘက္မရွိဘူး။
မန္ေရ...
လြမ္းရပါမ်ားလာေတာ့ ထူသားေပသားက်လည္း
ေတာင့္တေနမိတုန္းပါပဲ
ယံုၾကည္ထားတဲ့အရာေတြ
ျဖဴစင္ေမတၱာေၾကာင့္
အျမန္ျပန္ဆံုပါရေစ။
မန္ေရ...
နင့္ကိုငါ အရမ္းခ်စ္တာပဲဟာ။
ေမတၱာျဖင့္ - မာံရာဇဆာန္
Myanmar Unicode
မန်ရေ ...
အတွေးတွေနောက်လို့
တစ်ခါတစ်ခါ ဂယောင်ချောက်ခြားဖြစ်မိတယ်
ပုထုဇဉ်ဆိုတော့
ဂရုမစိုက်နိုင်ဘူး မန်ရေ။
မန်ရေ...
မိုးသည်းထဲမှာ လွမ်းလို့ကောင်းတုန်း
ပန်းချီကားတစ်ချပ် ခြယ်မှုန်းထားသလို
ကိုယ်ကတော့ အလွမ်းမင်းသား
ကြားရသမျှ အလွမ်းမိုးဂီတသံတွေ
လှောင်နေကြလည်း ကိုယ်ကလွမ်းကောင်းနေတုန်းမို့
လွမ်းပါရစေ။
မန်ရေ...
တစ်ရက်ပြီးတစ်ရက်
အလွမ်းနဲ့ဆက်နေတယ်
အကြမ်းမခံနိုင်ပါဘူးမန်
အရမ်းကြီးတော့ မနှိပ်စက်နဲ့ပေါ့
နှလုံးသားစစ်ပွဲ ကိုယ့်ဘက်မရှိဘူး။
မန်ရေ...
လွမ်းရပါများလာတော့ ထူသားပေသားကျလည်း
တောင့်တနေမိတုန်းပါပဲ
ယုံကြည်ထားတဲ့အရာတွေ
ဖြူစင်မေတ္တာကြောင့်
အမြန်ပြန်ဆုံပါရစေ။
မန်ရေ...
နင့်ကိုငါ အရမ်းချစ်တာပဲဟာ။
ကႏာၱရေႏြ
ေလအေဝွ႔ သစ္ရြက္ေျခာက္တို႔ေၾကြ
ေထြးအေပြ႕ အနမး္ေလးေတြေခၽြ
ဒီေႏြတစ္ေၾကာမွာျဖင့္
ေလအေဝွ႔ ေထြးေပြ႕စရာမရွိ
အပန္းေျဖရာ သူ႔ရင္ခြင္ကမာၻလည္း
အလွမ္းေဝးလို႔ေန။
ပန္းမာလာမ်ိဳးစံု
ပြင့္ငံုဖူးလည္း
အခ်စ္ဦးေရ
မင္းမရွိသမွ်
ေမာင့္ဘဝ ကႏာၱရေႏြ။
ေမတၱာျဖင့္ - မာံရာဇဆာန္
Myanmar Unicode
လေအဝှေ့ သစ်ရွက်ခြောက်တို့ကြွေ
ထွေးအပွေ့ အနမး်လေးတွေချွေ
ဒီနွေတစ်ကြောမှာဖြင့်
လေအဝှေ့ ထွေးပွေ့စရာမရှိ
အပန်းဖြေရာ သူ့ရင်ခွင်ကမ္ဘာလည်း
အလှမ်းဝေးလို့နေ။
ပန်းမာလာမျိုးစုံ
ပွင့်ငုံဖူးလည်း
အချစ်ဦးရေ
မင်းမရှိသမျှ
မောင့်ဘဝ ကန္တာရနွေ။
Subscribe to:
Comments (Atom)














